Popular Posts

Saturday, October 27, 2012

HTC One S ကို root လုပ်နည်း

HTC One S ကို root လုပ်နည်း




ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် ဖုန်းဟာ Bootloader Unlock ဖြစ်ရပါမယ်။ Bootloader Unlock လုပ်နည်းကို အောက်က link မှာဝင်ရောက်ကြည့်ရှုပါ။
HTC Bootloader Unlock လုပ်နည်း
ကွန်ပျူတာမှာ HTC ဖုန်း Driver သွင်းထားရပါမယ်။ မသွင်းရသေးဘူးဆိုရင် အောက်က link ကနေ driver ကိုရယူပြီး သွင်းထားပါ။
HTC Driver for Windows အားရယူရန်
HTC One S ကို root လုပ်ဖို့လိုအပ်တဲ့ tool ဖြစ်တဲ့ HTC One S All in One Toolkit ကိုရယူထားပါ။
HTC One S All in one tool kit အားရယူရန်
-download လုပ်လို့ရလာတဲ့ Onxr ဇစ်ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဖိုဒါတစ်ခုဆောက်ပြီး ဇစ်ဖြည်ထားပါ။
ဖုန်းရဲ့ USB Debugging ကို အမှန်ခြစ်ပေး (Enabled) လုပ်ထားပါ။ ဖုန်းရဲ့ setting ထဲက developer option ထဲမှာ USB Debugging ရှိပါတယ်။
ပြီးရင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်ရာမှာ ဖုန်းကို “Charge Only mode” မှာပဲထားပါ။ Charge Only mode ကိုဘယ်လိုထားရမလဲ ဆိုတော့ Notifications Bar ကိုဆွဲချလိုက်ပါ။ အဲဒီက USB Connection type ကိုနှိပ်လိုက်ပြီး “Charge Only” mode ကိုပြောင်းလို့ရပါတယ်။
ပြီးရင် ကွန်ပျူတာထဲမှာ download လုပ်ထားတဲ့ HTC One S All in One toolkit ကိုဇစ်ဖြည်လို့ရလာတဲ့ထဲက One S.exe ကို run လိုက်ပါ။
အောက်ကပုံအတိုင်းပေါ်လာပါမယ်။


အပေါ်ပုံမှာတွေ့ရတဲ့အတိုင်း Commands ဆိုတဲ့အကွက်ထဲမှာ Boot into Recovery ဆိုတာပါပါတယ်။ အဲဒါကို select ပေးပြီး Run ခလုတ်ကိုနှိပ်လိုက်ပါ။
ဒါဆို၇င် ဖုန်းက reboot ကျသွားပြီ Recovery ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။
ပြီးရင် အပေါ်ပုံမှာတွေ့ရတဲ့အတိုင်း Extra ဆိုတဲ့အကွက်ထဲမှာ Perm Root(GB/ICS) ဆိုတာပါ ပါတယ်။ အဲဒါကို select ပေးပြီး Run ခလုတ်ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ root process စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ root လုပ်ပြီးသွားရင် စက်က rebootကျပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့
All Application ထဲမှာ “#” သင်္ကေတလေးနဲ့ Super User ဆော့ဝဲလေးရှိနေပြီလားကြည့်ပါ။ ရှိနေပြီဆိုရင်တော့ root လုပ်တာအောင်မြင်ပြီဖြစ်ပါတယ်။

No comments: