Popular Posts

Saturday, October 27, 2012

HTC Sensation XL ICS 4.0.3 Hboot 1.28.0006 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်သွင်းနည်း

HTC Sensation XL ICS 4.0.3 Hboot 1.28.0006 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်သွင်းနည်း


ပို့စ်ရေးသားသူ – Ko Wunna


### This root guide is for htc sensation XL with ICS 4.0.3 , hboot 1.28.0006
( hboot version သတိပြုရန်)

လိုအပ်တာတွေကို ဒိကနေ ဒေါင်းလိုက်ပါ 23.3 Mb ရှိပါတယ်။ အထဲမှာ လိုအပ်တာတွေကိုပဲ အကုန်ထည့်ပေးထားပါတယ်။ ဒေါင်းနေတဲ့ အချိန်မှာ ပိုစ်ကို ဖတ်ကြည့်ပါ။ https://www.box.com/s/8a4ca9aba980a6cd3653

ဒိနည်းက HTC sensation XL ကို ICS တင်ပီးတော့မှ root လုပ်ချင်တဲ့သူတွေအတွက် ပါ။
ကျနော်ကိုယ်တိုင် လုပ်ပီးလို. အားလုံးအောင်မြင်ပါတယ်။

htc ကို Root လုပ်ကြတာ များသောအားဖြင့်ကတော့ Myanmar font ကို အသုံးပြုချင်လို. များပါတယ်။
# Root လုပ်ပီး မြန်မာဖောင့် အင်စတော လုပ်ရုံအတွက်သာဆိုရင် နံပါတ် 1,2,3,4 ကိုသာ လုပ်ရန်
# custom Rom တွေ တင်ချင်လို.၊ ဒါမှမဟုတ်..စူးစမ်းလုပ်ရတာ သဘောကျတဲ့သူတွေအတွက်တော့ S-off ပါ လုပ်ထားလိုက်ပါ


နံပါတ် (၁ ) HTCDEV ကနေ တဆင့် bootloader ကို unlock လုပ်ရပါမယ်။ http://www.htcdev.com/bootloader/
( unlock လုပ်နည်းကိုတော့ ရှည်မှာ စိုးလို. အသေးစိတ်ရေးမပြတော့ပါဘူး၊ အကျဉ်းချုပ်အနေနဲ gmail နဲ အကောင့်တခုလုပ်၊ ဖုန်း list မှာ sensation xl ပေါ်မနေရင် all other supported models ကိုသာ ရွေးပေးလိုက် ပီး သူတို. ရှင်းပြထားတဲ့အတိုင်း instruction တွေကို တခုပီး တခု လိုက်လုပ်သွားရင် gmail ကို unlock_code.bin ဆိုတာလေး ပို.ပေးပါမယ်။ အဲဒါလေးကို adb & fastboot folder ထဲမှ ထည့်ပေးပီး cmd ကနေ တဆင့် unlock လုပ်ရမှာပါ. cmd အသုံးပြနည်းက အသေးစိတ် ရှင်းပြထားပါတယ်။ download တွေကိုတော့ ဒိအောက်ကနေပဲ ဒေါင်းလိုက်ပါ။ သူတို. ဒေါင်းခိုင်းတာတွေကို တခုမှ မဒေါင်းပါနဲတော့။ တကယ်လိုအပ်တာပဲ ဆွဲထုပ်ပေးထားတာပါ။
** htc driver မရှိသေးပါက အင်စတော လုပ်ရပါမယ်။ htc syn install လုပ်ထားပါက အင်စတော လုပ်ရန်မလို htc syn ကို uninstall လုပ်ပီး driver only ကိုသာချန်ထားရန်။
** အပေါ်မှာ ဒေါင်းထားတဲ့ Android ဆိုတဲ့ zip file ကို extract လုပ်ပီး Window C မှာ ထည့်ထားလိုက်ပါ။
** download လုပ်ခိုင်းသည်များကို ဒေါင်းရန် မလိုပါ။ အပေါ်ဆုံး ဒေါင်းသည့် အထဲတွင် အကုန်ပါ။

unlock bootloader လုပ်ပီးပါက bootloader ထဲ ၀င်ကြည့်ပါက unlocked ဆိုတာ ပေါ်နေပါလိမ့်မယ်. bootloader ကို ၀င်နည်း မသိပါက (phone setting > power > fastboot > remove mark & power 0ff and then press & hold vol ( — ) and power button together )

နံပါတ် (၂ ) Recovery ( CWM ) ကို အင်စတော လုပ်ပါမယ်။
( အပေါ်မှာ ဒေါင်းထားတဲ့ Android ဆိုတဲ့ zip file ကို extract လုပ်ပီး Window C မှာ ထည့်ထားတယ်လို. ယူဆပါတယ် )
ဖုန်းမှာ fastboot ကို disable လုပ်ပါ ( phone setting > power > fastboot > remove mark
ဖုန်းမှာ usb debugging ကို enable လုပ်ပါ ( phone setting > development > Enable usb debugging)

ပီးရင် ဖုန်းကို ပိတ်လိုက်ပါ။ volume down ကို ဖိထားပါ၊ ပီးရင် power ကို ဖိထားပါ bootloader ထဲ ရောက်သွားပါမယ်။ ဖုန်းနဲ ကွန်ပြူတာကို usb ကြိုးနဲ ဆက်လိုက်ပါ။ fastboot usb plug လို ပေါ်လာရင် power button ကို နှိပ်ပီး ရွေးလိုက်ရင် FASTBOOT USBှဆိုတဲ့ စာတန်း ပေါ်ရပါမယ် မပေါ်ရင် မှားနေပါသေးတယ်။ ဒါမှမဟုတ် htc driver install မလုပ်ရသေးလို.ပါ။

cmd ကို ဖွင့်ပီး run as administrator အဖြစ်နဲ run ပါ။ ပီးရင် အောက်က စာကို ရိုက်ပါ။ (တကြောင်းပီးမှ တစ်ကြောင်း ရိုက်ရန် )

cd c:\Android ( bootloader unlock လုပ်တုန်းကလဲ လုပ်ဖူးမှာပါ )
fastboot flash recovery recovery_for_1.28.img ( flash လုပ်ပါလိမ့်မယ် )

ဘာပြဿနာမှ မတွေ.ရင် recovery cwm install လုပ်ပီးသွားပါပီ။
recovery mode ရမရ စစ်ကြည့်နည်းကတော့ bootloader ( vol down + power ) ထဲ ၀င်လိုက်ပီး recovery ဆိုတာလေးကို vol down နဲ ရွေးပီး power button ကို နှီပ်ကြည့်လိုက်ပါ အောက်ပါ ပုံစံအတိုင်း ပေါ်လာပါမယ်

( Recovery လုပ်လို. ရသွားပီဆိုရင် recovery mode ကနေ.. backup လုပ်ထားစေချင်ပါတယ်။ Nandroid backup လို. ခေါ်ပါတယ်။ အလွန်ကောင်းပါတယ်။ ဖုန်းကို ကလိတာ လွန်သွားလို. တခုခုဖြစ်သွား၇င် backup ကို restore လုပ်ပေးလိုက်ရင် အကုန် ပြန်ကောင်းပါတယ်)
နံပါတ် (၃ ) Root လုပ်နည်း

ဒေါင်းထားတဲ့ Android folder ထဲမှာ ပါတဲ့ CWM_SuperSU_v0.88 ဆိုတဲ့ zip ဖိုင်လေးကို ဖုန်း SD card ထဲ ထည့်လိုက်ပါ။ ဘယ် folder ထဲကိုမှ မထည့်ပါနဲ။
ပီးရင် ဖုန်းကို ပိတ်လိုက်ပီး Recovery CWM ထဲကို ၀င်လိုက်ပါ။ ( vol down + power button)
( use vol down & up to navigate and use power button to choose )

install zip from sdcard ဆိုတာကို ရွေးပေးပါ..ပီးရင် အခုန ထည့်ထားတဲ့ CWM_SuperSU_v0.88 လိုက်ရှာပီး flash လုပ်လိုက်ပါ Super user ကို အင်စတော လုပ်ပေးပါလိမ့်မယ်။
ပီး၇င် reboot system now ကို ရွေးပီး ပြန်ထွက်လိုက်ပါ။
SuperSU (superuser) ကို အင်စတော လုပ်ပီးသွားရင် root လုပ်တာ ပီးသွားပါပီ.. root access ရပါပီ။


နံပါတ် (၄) မြန်မာဖောင့် ထည့်နည်း၊ ကီးဘုတ် အင်စတောလုပ်နည်း

Root လုပ်ပီးသွားရင်တော့ မြန်မာဖောင့်ထည့်နည်းတို. ကီးဘုတ် သွင်းနည်းတို.ကတော့ MMUG မှာ မေးလိုက်ရင် ဖြေချင်တဲ့သူတွေ တန်းစီနေပါလိမ့်မယ်.. :P
Root explorer သုံးပီး ထည့်တဲ့ နည်းကို recommend လုပ်ပါတယ်.
font changer သုံးရင်တော့ busybox.apk ကို အင်စတော လိုပါတယ်



နံပါတ် ( ၅ ) S-off လုပ်နည်း ( security-off)
S-off လုပ်တာကတော့ လူတိုင်းမလိုပါဘူး။ Custom Rom တွေ တင်ချင်တဲ့သူတွေ။ ဒါမှမဟုတ်.. Android ကို စိတ်ဝင်စားလို. ကလိချင်တဲ့သူတွေအတွက် ဖုန်းတခုလုံးကို control ရသွားအောင် လုပ်တဲ့နည်းပါ။ ကိုယ်ထည့်ချင်တာတွေ ထည့်လို. ရပါတယ်.. kernel, hboot, radio.. etc.
Custom Rom ဆိုတာတွေကတော့ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ Rom တွေပါ။ original rom ကိုပဲ ဖြစ်ဖြစ် မလိုတာတွေကို ဖြုတ်.. လိုတာတွေ ထည့် အကောင်းဆုံးဖြစ်အောင် ပြုပြင်ထားတဲ့ Rom အမျိုးအစားတွေပါ ။ ဒါမှမဟုတ် တခြားဖုန်းအမျိုးအစားက Rom ကို ကိုယ်ဖုန်းမှာ တင်လို. ရအောင် ပြုပြင်ပေးထားတာ ဥပမာ One- X, One-S က နောက်ဆုံးပေါ် Rom ကို ကိုယ်ဖုန်းကို တင်လို.ရအောင် ပြလုပ်ပေးထားတဲ့ Rom တွေ။
စိတ်ပါဝင်စားလို. S-off လုပ်ချင်သပ ဆိုရင်တော့ အောက်ပါ site အတိုင်းသာ လိုက်လုပ်လိုက်ပါ။
အရမ်းရှည်နေမှာ စိုးလို. အသေးစိတ်မရှင်းပြတော့ပါဘူး။ မရှင်းတဲ့ နေရာ မေးနိုင်ပါတယ်။
http://unlimited.io/runnymede/



(မှတ်ချက် hboot 1.25.xxxx အတွက် recovery cwm ကို Android.zip တွင် ထည့်မပေးထားပါ။ မိမိ hboot က 1.25.xxxx ဖြစ်နေပါက 1.28.xxxx နေရာတွင် အစားထိုးရပါမည်။

No comments: