Popular Posts

Monday, October 21, 2013

Google Play မှ apk ကို အလွယ်တကူ ဒေါင်းနည်း

Google Play မှ apk ကို အလွယ်တကူ ဒေါင်းနည်း

 

အခုတင်မယ့် ပိုစ့်လေးကတော့ Google Play က free apk တွေကို ကွန်ပျူတာနဲ့ download လုပ်ဖို့ အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခုပါ။ မြန်မာမိုဘိုင်းက ကိုသက်နိုင်စိုး ရေးထားတာကို ကျွန်တော်ထပ်လောင်း ဖြည့်စွက် တင်ပြလိုက်ပါတယ်။



ပထမဦးဆုံး ကျွန်တော်တို့ ဒေါင်းမယ့် apk ကို www.google.com မှာ ရိုက်ထည့်လိုက်ပါ။

ကျွန်တော်ကတော့ Mediafire ကို ဥပမာပေး ရှင်းပြပါမယ်။
Google ရဲ့ Search box ထဲမှာ Mediafire apk လို့ ရိုက်ထည့်လိုက်ပါ။

Page ကျလာရင်တော့ MediaFire - Android Apps on Google Play ဆိုတဲ့ စာတန်းအပြာကို တွေ့ရင် click နှိပ်လိုက်ပါ။

Google Play စာမျက်နှာ ကျလာရင်တော့ အပေါ်က Address bar မှာ ရှိတဲ့ link ကို click နှိပ်ပြီး copy လုပ်လိုက်ပါ။
လင့်ဆိုတာက https://play.google.com/store/apps/details?id=com.mediafire.android&hl=en
ဆိုတာကို ပြောတာပါ။




ပြီးရင်တော့ ကျွန်တော်တို့ အောက်က Website ကို ဖွင့်လိုက်ပါ။


apk downloader from Google Play


(Adf.ly ကိုဝင်လိုက်ပြီး ၅စက္ကန့်လောက် စောင့်လိုက်ပါ။ ပြီးရင် အပေါ် ညာဘက်ဒေါင့်နားလေးမှာ ပေါ်လာတဲ့ Skip ဆိုတာကို နှိပ်လိုက်ရင် Website ပေါ်လာမည်။)

 

အဲဒီကျရင် Package name or Google Play URL ဆိုတဲ့ စာသားအောက်က အကွက်လေးထဲမှာ ခုနက ကူးလာတဲ့ လင့်ကို ထည့်လိုက်ပြီး Generate Download Link ဆိုတာကို နှိပ်လိုက်ပါ။



ခဏစောင့်လိုက်ရင်တော့ အပြာရောင် အကွက်အောက်မှာ အစိမ်းရောင် အကွက် ပေါ်လာပါမယ်။ အဲဒီအစိမ်းရောင် အကွက်ထဲက Click here to download နောက်က စာသားကို click နှိပ်လိုက်ရင် download box ကျလာပြီး မိမိလိုချင်တဲ့ apk ကို download လုပ်နိုင်ပါပြီဗျာ။


Ref: http://linnyankha.blogspot.com/2013/10/google-play-apk-download.html

1 comment:

Unknown said...

ဒေါင်းလို့ အစဉ်မပြေဘူးဗျို့  Google Play တော့ ဟုတ်ပါပြီ apk ဒေါင်းမယ့် ဆိုဒ်ကို ညွှန်ပေးပါအုံး ဗျို့ 