Popular Posts

Friday, October 26, 2012

Samsung Galaxy Note 2 N7100 ကို Root လုပ်နည်း



Samsung Galaxy Note 2 N7100 ကို Root လုပ်နည်း










Samsung Galaxy Note 2 အတွက် Root လုပ်နည်းဖြစ်ပါတယ်။ ဖုန်းကို Root လုပ်ထားမှသာ System file ကိုပြင်ဆင်ပြီးလုပ်ဆောင်ရမယ့် app တွေ ၊ function တွေထည့်သွင်းရာမှာအဆင်ပြေမှာပါ။ ကဲ.. Samsung Galaxy Note 2 ကို root လုပ်ကြည့်ရအောင်။
(၁) Galaxy Note 2 ကို root လုပ်ဖို့အတွက်လိုအပ်တဲ့ root package ကိုအောက်က link မှာအရင် download လုပ်လိုက်ပါ။
Galaxy Note 2 root package အားရယူရန်
(၂) root လုပ်ရာမှာလိုအပ်တဲ့ tool တစ်ခုဖြစ်တဲ့ Odin v3.04 ကိုလည်းရယူလိုက်ပါဦး။
Odin v3.04 အားရယူရန်
(၃) ဖုန်းကို root လုပ်ရာမှာ ကွန်ပျူတာနဲ့ချိတ်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ဖုန်းကိုကွန်ပျူတာက သိနေစေဖို့လိုအပ်တဲ့ driver tool ဖြစ်တဲ့ Samsung USB Driver ကို download ရယူထားပါ။ အောက်က link မှာရယူပါ။
Samsung USB Driver အားရယူရန်
(၄) Samsung USB Driver ကိုကွန်ပျူတာမှာ install လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။
(၅) အဆင့် (၂)မှာ Download လုပ်လို့ရလာတဲ့ Odin zip ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဇစ်ဖြည်လိုက်ပါ။ ဇစ်ဖြည်လို့ရလာတဲ့ဖိုင်ထဲက Odin v3.04.exe ကို
run လိုက်ပါ။
(၆) ဒီအဆင့်မှာတော့ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် Volume Down (အသံလျှော့ခလုတ်) + Home ခလုတ် + Power ခလုတ် အဲဒီခလုတ်သုံးခုကိုတစ်ပြိုင်တည်းတွဲနှိပ်ပါ။ ဖုန်းမှာ Warning Screen ပေါ်လာပါလိမ့်မယ်။ Volume up (အသံကျယ်ခလုတ်) ကိုနှိပ်ပြီး Download Mode ထဲကိုဆက်လက်ဝင်ရောက်ပါ။
(၇) Download Mode ထဲရောက်သွားပြီဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB cable အသုံးပြုပြီးချိတ်ဆက်လိုက်ပါ။
(၈) ကွန်ပျူတာနဲ့ဖုန်းနဲ့ကို usb cable နဲ့ချိတ်ဆက်လိုက်တာနဲ့ ကွန်ပျူတာထဲမှာ run ထားတဲ့ Odin v3.04 ဆော့ဝဲက auto သိပြီး ID:COM အကွက်မှာအစိမ်းရောင်အကွက်လေးပေါ်လာပါလိမ့်မယ်။ အဲဒီလိုမပေါ်ဘူးဆိုရင်တော့ ဖုန်း driver သွင်းတဲ့ step မှာ error တစ်ခုခုရှိခဲ့လို့ ဒါမှမဟုတ် driver မသွင်း၇သေးလို့ပါ။ အစိမ်းရောင်အကွက်မပေါ်ခဲ့ရင် ဖုန်း driver ကိုကွန်ပျူတာမှ သေချာမှန်ကန်စွာသွင်းပြီး အပေါ်က step များကိုပြန်လည်လုပ်ဆောင်ပါ။
(၉)Odin ဆော့ဝဲထဲက PDA ဆိုတဲ့ခလုတ်လေးပါပါတယ်။ အဲဒီခလုတ်လေးဘေးက အကွက်လေးကိုအမှန်ခြစ်ပေးပြီးမှ PDA ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးရင် ပထမဆုံး အဆင့် (၁) မှာတုန်းက download လုပ်လို့ရခဲ့တဲ့ cwm6-root-note2.tar ဆိုတဲ့ဖိုင်လေးကိုရွေးပေးပါ။ ပြီးရင် Open ကိုနှိပ်ပါ။
(၁၀) ပြီးရင်တော့ Odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။ ဒါဆိုရင် ဖုန်း screen ပေါ်မှာ Custom Recovery နဲ့ Super User root file များစတင်သွင်းနေတာကိုတွေ့၇ပါမယ်။
(၁၁) root & recovery install process ပြီးသွားပြီဆိုရင်တော့ ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ Boot ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ application တွေထဲမှာကြည့်လိုက်ပါ။ Android စက်ရုပ်စူပါမင်း icon လေးနဲ့ Super SU ဆော့ဝဲလေးကိုတွေ့၇ပြီဆိုရင်တော့ root process အောင်မြင်ပြီဖြစ်ပါတယ်။


No comments: