SONY FIRMWARE LISTS
Popular Posts
-
Display – iPhone 6 vs iPhone 6 Plus iPhone 6 is bigger than the iPhone 5s and the iPhone 6 Plus is even larger than the iPhone 6. The ...
-
Alpha males and beta males are terms popularized in modern culture to refer to various personality types and social dynamics, very often i...
-
u8950 root အရင်huawei ဆိုက်မှာ unlock code ၇ယူ၇ပါမယ် http://www.huaweidevice.com/worldwide/servicePolicy.do?method=preUnlock ...
-
The Obstacles to Effective Leadership Certainly! Effective leadership can be hindered by various obstacles. Here are some common challeng...
-
How to – Extract and Identify Recovery Images from (Most) Huawei Firmware You will need - ActivePerl-5.16.1.1601 HxD 1.7.7.0 JoeyJia...
-
The Diffusion of Innovation Theory explains how new ideas, products, or technologies spread through a population over time. Developed by...
-
How to – Restore stock Firmware on Huawei Ascend C8812 Huawei Ascend C8812 WARNING – This will completely reset your phone ...
-
U8812D logo stuck U8812D Root လုပ်ရင်း ROM ကြောင်တတ်ပါတယ် Huawei Logo ရပ်နေတတ်ပါတယ် U8812D Official Rom မထွက်သေးတဲ့အတွက် custom Rom ဘ...
-
How to Fix The Crowdstrike Blue Screen Error From the Recovery Screen, Click - "See Advanced Repair Options" and then and then - ...
Monday, October 7, 2013
Thursday, October 3, 2013
Disable USB from Computer PC
Disable USB (သို့ မဟုတ် ) USB ကို ကွန်ပျူတာမှာ သုံးလို့ မရအောင် လုပ်ထားမယ်
ကျွန်တော် တို့ ကွန်ပျူတာ တွေ ကို လုံခြုံ သည်ထက် လုံခြုံအောင် နည်းလမ်းပေါင်း စုံ သုံးပြီးတော့ ကာကွယ် ကျ ပါတယ် ....:)
အဲ့ဒီ ထဲ က မှာ ကို ကွန်ပျူ တာမှာ USB တွေ လာတပ် လို့ Virus ကူး စက်ခဲ့ ရတဲ့ လူတွေ လဲ မနည်း ပါဘူး ...:)
ကျွန်တော် အပါ အ၀င် ပေါ့ လေ .....အဲ့တော့ ကို စက်မှာ လာပြီးတော့ သုံး လို့ မရအောင် လုပ် ထားလိုက် ခြင်းအား ဖြင့် တစ်နည်းတော့ စိတ်ချမ်း သာ ရာ ရောက်တာပေါ့ ဗျာ ..... ကို လိုတော့ မှ ပြန် ပြီးတော့ .....ဖွင့် ထားမယ် ...ပြီးရင် ပြန်ပိတ်ထား လိုက်တော့ တခြား ရန်တွေ အေးတာ ပေါ့ ဗျာ ......:)
ကျွန်တော်လေရှည် နေတာ နဲ့ တော်တော် များ သွား ပြီ ...:)
ကဲ စ လိုက် ရအောင် ဗျာ
အရင်ဆုံး Window Key + R နှိပ်ပြီးတော့ Run ကို ခေါ်လိုက်ပါ .....(မှတ်ချက် administrator အကောင့် နဲ့ မှ ကျန်တဲ့ အပိုင်းတွေ ဆက် လုပ် လို့ရမှာ ပါ )
RUN BOX လေး ပေါ် လာ ပြီ ဆိုရင် regedit လို့ ရိုက် ပြီးတော့ Enter လေး နိုပ် လိုက်ပါ ....
ပြီးရင် HKEY_LOCAL_MACHINE ဆို တာလေး ကို ရှာ ပြီးတော့ ကလစ်လိုက်ပါ :)
ပြီး ရင် ဒီ အတိုင်းလေး သွားနော် မလွဲ စေနဲ့ နော် SYSTEM>>>>> CurrentControlSet >>>>>>services
အဲ့လို မျိုး ပြီး သွား ပြီ ဆို ရင် USBSTOR ဆို တာလေး ကို တွေ့ အောင် ရှာ နော် .... နည်းနည်းတော့ စိတ်ရှည် ရမယ် နော် ........:D :D ပြီး ရင် မျက်စိ လျင်လျင် နဲ့ Start ကို ညာဘက် က ဘောင်ထဲ မှာ ရှာပြီးတော့ နိုပ်လိုက်ပါ ပြီး ရင် Box လေး တစ်ခု နဲ့  နံပတ် 3 လေး ပေါ်လာ ပါ လိမ့်မယ် .... အဲ့တာ ကို နံပတ် 4 လို့ ပြင် ပြီးတော့ စက်ကို Restart ချလိုက် ပါ ပြန်တက် လာပြီ ဆိုရင် USB အပေါက်လေး တွေ သုံး လို့ မရ ဖြစ် သွား ပါပြီ ....:) :)
ပြန်ပြီးတော့ ဖွင့် ချင်တယ် ဆိုရင်တော့ 4 ကို 3 ပြန် ပြီးတော့ ပြောင်း လိုက် ရင် ရပါပြီ
How to Add Your Company Address in Google Map
သင့် Company လုပ်ငန်းလိပ်စာအား Google Map အတွင်းထည့်သွင်းခြင်း
ဘာကြောင့်
ကျွန်တော်တို့ Google Map ထဲမှာ ကျွန်တော်တို့ရဲ့
လုပ်ငန်းလိပ်စာထည့်သွင်းရသလည်း….
Google ဆိုသော
Search Engine ကြီးဆိုတာ မြန်မာတစ်နိုင်ငံတည်း
တင်မဟုတ်ပဲ
တစ်ကမ္ဘာလုံးက သုံးဆွဲနေကြတာပါ.. ဒီလို ကမ္ဘာနှင့်
တလွှားသုံးနေကြတဲ့
Google Search Engine ကနေတဆင့်ခွဲထွက်
ထားသော
Google Map Services ဆိုတာကလည်း တစ်ကယ်တန်း
အသုံးပြုကြတာကတော့
မိမိသိချင်တဲ့ မြေပုံတွေ၊ လမ်းလိပ်စာတွေ
လုပ်ငန်းလိပ်စာတွေကို
အလွယ်တကူ အသေးစိတ် Traffice Route,
Settelite
Route, Map Route စသဖြင့် အသေးစိတ်ဖော်ပြမှုတွေနှင့်
အတူ သင်ရှာလိုသော
လုပ်ငန်းလိပ်စာ၊ တည်နေရာ၊ စတာတွေကို
အလွယ်တကူရှာဖွေလို့ရပါတယ်။
ဒါကြောင့် ကျွန်တော်တို့က ကျွန်
တော်တို့နှင့်ပတ်သက်သော
လုပ်ငန်းလိပ်စာတွေကို ဒီ Google Map
ထဲမှာ နေရာအသစ်ထည့်ထားခြင်းဖြင့်
သင့်ရဲ့ လုပ်ငန်းလိပ်စာရဲ့တည်
နေရာတွေကို
Internet မှတဆင့် အလွယ်တကူရှာဖွေလို့ရမှာဖြစ်ပါတယ်။
လေကြောနည်းနည်းရှည်သွားပီနဲ့တူတယ်
ကဲစလိုက်ရအောင်..
အရင်ဆုံး
Browser ရဲ့ Address Bar မှာ
www.google.com/mapmaker လို့ရိုက်လိုက်ပါ။ပြီးသွားရင်တော့
သင့်
Mail Account ကို အရင် Sign In လုပ်လိုက်ပါ။
ဒီနောက် အထက်ပါပုံအတိုင်း
သင်ထည့်မည့် သင့်လုပ်ငန်း
လိပ်စာအား
အရင်ဆုံး Search Box အတွင်း အနီးစပ်ဆုံး
ရှာဖွေပီး
Enter ခေါက်လိုက်ပါ။ ထို့နောက်မှာတော့ သင်
ရှာဖွေလိုက်တဲ့
လပ်စာက အောက်ပါအတိုင်းပေါ်လာပါ
လိမ့်မယ်
ဒီအခါမှာ
သင်က သင့်လုပ်ငန်းနေရာကို မြေပုံမှာထည့်မှာဖြစ်တဲ့အတွက်ကြောင့်
သင့်လုပ်ငန်းလိပ်စာရှိတဲ့နေရာကို
Pointer လေးကို ဆွဲရွှေ့သွားရမှာဖြစ်ပါတယ်
ဒီနေရာမှာတစ်ခုပြောချင်တာက
အရင်ပုံမှန်အတိုင်း Map ရှာသလိုမျိုး Mouse
ကိုဖိပီးရှာလို့မရပါဘူး။
ဘာကြောင့်လည်းဆိုတော့ သ်င့်ရဲ့ Click တစ်ချက်က
သင့်လုပ်ငန်းနေရာကိုသတ်မှတ်မှာဖြစ်လို့ပါ။
ဒါကြောင့် Pointer လေးကိုသာ
ရွှေ့သွားရမှာဖြစ်ပါတယ်။
ဒီနောက် သင်
Add လုပ်မယ့် သင့်လုပ်ငန်းလိပ်စာနေရာကိုတွေ့ပီဆိုရင်
မျှားအနီလေးပြထားတဲ့
နေရာက Add New ကို အရင်နှိပ်ပါ။ ပီးသွားရင်
တော့ Add
a Place ဆိုတာကို ထပ်နှိပ်ပါ။ဒီနောက်မှာတော့ သင့်လုပ်ငန်း
နေရာအတိအကျကို Click ထောက်လိုက်ပါ။
ဒီလိုထောက်ပီးသွားပီဆိုရင်တော့
အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်
ဒါကတော့ သင့်လုပ်ငန်းရဲ့
လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရတဲ့
အပိုင်ဖြစ်ပါတယ်။
သင့်စိတ်ကြိုက်သတ်မှတ်ပါ။ ထိုနောက် အောက်မှာ
ပြထားတဲ့
ပုံအတိုင်း
သင့် လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။
ပီးသွားရင်
တော့
Continue ကိုနှိပ်လိုက်ပါ။ဒီနောက် Add Place လုပ်လိုက်ပီဖြစ်
တဲ့အတွက်ကြောင့်
Loading ဆွဲနေပါလိမ့်မယ် ။ ပီးသွားရင်တော့အောက်
ပါပုံအတိုင်း
ဘယ်ဘက်ခြမ်းတွင်
သင့်လုပ်ငန်းအတွက် လိုအပ်သော Data များ
ကိုဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။
လိုအပ်ချက်များကိုဖြည့်စွက်ပီးတဲ့
အခါမှာတော့
Save ဆိုတာကိုနှိပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခါတစ်လေ
Error ပြပါတယ်။
ဆိုလိုတာက အခုလက်ရှိ နာမည်နဲ့ Add a Place
လုပ်လို့မရဘူးဆိုပီး
ပြပါတယ် အပေါ်နားလေးမှာပေါ့။ အဲဒီ Message
မှာပဲ
Skip လုပ်တဲ့ Check Box လေးရှိပါတယ် အဲဒီကောင်လေးကို
အမှန်ခြစ်လေးခြစ်ပေးပီးတော့
ထပ်မံ Save လုပ်လိုက်ပါ။ဒါဆိုရင်တော့
Add a
Place လုပ်ပီးသွားလို့ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်
သင့်လုပ်ငန်းကို
Google Map Services ကနေ အတိအကျ ရိုက်ပီး
ရှာဖွေတဲ့အခါမှာလည်း
အောက်ပါပုံအတိုင်းဖော်ပြနေမှာဖြစ်ပါတယ်။
ဒီနေရာမှာထပ်ပီး
Zoom ဆွဲကြည့်တဲ့အခါ နေရာလွဲနေသေးပါက
နင်း A ဆိုတာလေးကို
Click ထောက်ပီး မိမိစိတ်ကြိုက်နေရာသို့
Drag ဆွဲသွားလို့ရပါတယ်
အောက်ပါပုံအတိုင်ပေါ့
ပီးသွားရင်ဆိုရင်တော့
Continue ကိုသာနှိပ်လိုက်ပါ။ဒါဆိုရင်
သင့်လုပ်ငန်းနာမည်နဲ့
လိပ်စာ၊ ဆက်သွယ်ရမယ့် အချက်အလက်
တွေက
Google Map ပေါ်ရောက်ရှိသွားပီဖြစ်ပါတယ်။ အားလုံး
ပဲအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။Ref: အာရှ သား
http://uzarnitech.blogspot.com/2013/10/company-google-map.html
Monday, September 30, 2013
The Successful CV
ထိရောက်သော CV (The Successful CV)
အောင်မြင်သော CV တစ်စောင်သည် သေချာစွာ စဉ်းစားခြင်းနှင့် စီစဉ်ခြင်းတို့မှ ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါ တယ်။ အလုပ်ရှင်တစ်ဦးဟာ အလုပ်အတွက် သင့်တော်တဲ့ အတွေ့အကြုံ စွမ်းရည်နှင့် ကိုယ်ပိုင်အရည်အချင်းများရှိတဲ့ အလုပ်လျှောက်လွှာရှင်ကို ရှာဖွေနေတာဖြစ်ပါတယ်။ အလုပ်ရသွားတဲ့ သူဟာ ဖော်ပြခဲ့တဲ့ အချက်တွေအားလုံးကို ပိုင်ဆိုင်ထားတဲ့ အပြင် ၄င်းတို့ကို ဆွဲဆောင်မှုအရှိဆုံးသော နည်းနဲ့ တင်ပြနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။
ဒီလိုလုပ်နိုင်ဖို့ဆိုရင် ကိုယ့်အကြောင်းကိုယ်သေသေချာချာစဉ်းစားကြည့် ဖို့ လိုအပ်ပါတယ်။ ငါဟာ အရင်က ဘာတွေလုပ်ခဲ့သလဲ?။ သင့်တော်တဲ့ အခွင့်အရေးသာရမယ်ဆိုရင် ငါ ဘာတွေလုပ်ဆောင်နိုင်မလဲ?။ ဆိုတဲ့ အချက်တွေကိုပဲပေါ့။
ပြင်ဆင်ခြင်း (Preparation)
CV တစ်ခုကို ပြင်ဆင်ရာတွင် အောက်ဖော်ပြပါ နယ်ပယ်လေးခုကို ထည့်သွင်းစဉ်းစားပါ။
ဒီလိုလုပ်နိုင်ဖို့ နည်းအမျိုးမျိုးရှိပါတယ်။ ရရှိလာမဲ့ ရလာဒ်ကတော့ တစ်ခုတည်းသော ဖြစ်နိုင်ချေပါ။ ဘယ်ချဉ်းကပ်နည်းကိုပဲသုံးသုံး သင့်ရဲ့စိတ်ကူးတွေကို မှတ်စုအဖြစ်ပြောင်းရေးတဲ့အခါမှာ အသေးစိတ်ဖို့ မမေ့ပါနှင့်။ သင့်အနေနဲ့ အလုပ်နဲ့မဆီလျော်ဘူးလို့ ထင်ထားတဲ့ အချက်တွေကိုတောင်မှ ထည့်ရေးဖြစ်အောင်ရေးပါ။
ဒါ့အပြင် သင့်ရဲ့ စာရင်းတွေ၊ မှတ်စုတွေကို ကိုယ့်အနီးအနားမှာ မြင်သာအောင် ဖွင့်ထားပါ။ ၄င်းတို့ကို မကြာခဏ ပြန်ပြန်ကြည့်ရင်းနဲ့ ဘယ်အချက်မှ မေ့မကျန်ခဲ့ဘူးဆို တာကို သေချာအောင်လုပ်ပါ။ ဒီလိုပြင်ဆင်မှုအဆင့်က ဦးနှောက်ကို သေသေချာချာ စဉ်းစားအောင် လုပ်ခိုင်းခြင်းပဲ ဖြစ်ပါတယ်။ ရွေးချယ်ခြင်းနဲ့ စီစဉ်ခြင်းတို့က နောက်ကလိုက်လာမှာဖြစ်ပါတယ်။
အတွေ့အကြုံများ(experience)
လျှောက်လွှာရှင်အများစုက သူတို့ရဲ့ CV တွေကို အတွေ့အကြုံနဲ့ စရတာလွယ်တယ်လို့ ယူဆထား ကြပါတယ်။ ဘာ့ကြောင်လဲဆိုတော့ လက်ဆုပ်လက်ကိုင်ပြနိုင်လို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဘ၀ကို အဆင့်ဆင့် ပိုင်းခြားပြီး စဉ်းစားကြည့်လိုက်ပါ။ ဒီအဆင့်တွေဟာ ဘာတွေလဲဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါ တယ်။ အဆင့်တွေရဲ့ ပိုင်းခြားမှုတွေကို အလုပ်ပြောင်းလဲခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်း၊ သင့်ဘ၀ရဲ့ အဓိကကျတဲ့ အဖြစ်အပျက်များ (ဥပမာ-အိမ်ထောင်ပြုခြင်း၊ သားသမီးရရှိခြင်း၊ အိမ်ဝယ်ခြင်း)နဲ့ ခွဲခြားနိုင်ပါတယ်။ သင့်ရဲ့ အတွေ့အကြုံမှတ်စုတွေမှာပါဝင်သင့်တဲ့အကြောင်းအရာတွေကတော-့
အလုပ်လျှောက်လွှာပြင်ဆင်တဲ့အခါမှာ ဘာ့ကြောင့် ကိုယ်ပိုင်ဝါသနာတွေကို ထည့်စဉ်းစားရပါ လိမ့်-ဆိုတဲ့ မေးခွန်းကို သင့်အနေနဲ့ မေးကောင်းမေးနိုင်ပါတယ်။ တကယ်တော့ ၀ါသနာဆိုတာ သင်အလုပ် အားတဲ့အချိန်တွေမှာ လုပ်တဲ့အရာတွေပဲ မဟုတ်ပါလား? ၀ါသနာတွေကို အောက်ဖေါ်ပြပါအကြောင်းများကြောင့် အလုပ်လျှောက်လွှာ ပြင်ဆင်တဲ့အခါမှာ ထည့်သွင်းစဉ်းစားရခြင်းဖြစ်ပါတယ်။ ၀ါသနာတွေဟာ_
သင့်ရဲ့ ပင်ကိုယ်စရိုက်ကို ပုံဖော်ပြတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါ့အပြင် သင့်ပင်ကိုယ် စရိုက်ဆိုတာကလည်း အလုပ်လျှောက်လွှာအတွက် အလွန်ဆီလျော်လှပါတယ်။
လတ်တလော လုပ်ငန်းခွင်မှာ အသုံးမပြုရတဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖော်ပြနေပါတယ်။
တစ်စုံတစ်ရာသောအလုပ်မျိုးကိုမှ သင်ဟာ ဘာ့ကြောင့် စိတ်ဝင်စားနေရတာလဲဆိုတဲ့အချက်ကို လည်း ဆက်စပ်ပြနေပါတယ်။
အရင်က သင် မစဉ်းစားခဲ့ဖူးသော အလုပ်တွေကိုလည်း ညွှန်ပြနေတတ်ပါတယ်။
ကျွမ်းကျင်မှုများ (Skills)
သင့်ရဲ့ကျွမ်းကျင်မှုတွေကို စီတန်းရေးချတဲ့အခါမှာ အရင်အတွေ့အကြုံတွေကို စဉ်းစားပြီး ထုတ် ထားတဲ့ မှတ်စုလေးတွေက အထောက်အကူပေးမှာဖြစ်ပါတယ်။ သင့်ဘ၀ရဲ့ အစိတ်အပိုင်းများကို စဉ်းစားရင်း ကိုယ့်ကိုယ်ကို အောက်ပါ မေးခွန်းများကို မေးကြည့်ပါ။
ငါ့မှာ ရှိပြီးသား ကျွမ်းကျင်မှုတွေထဲက ဘယ်တစ်ခုကို ဒီနေရာမှာ အသုံးပြုခဲ့တာလဲ?။
ဘယ်ကျွမ်းကျင်မှုတွေကို တိုးတက်အောင် (သို့) ခိုင်မာအောင် ပြုလုပ်ခဲ့သလဲ?။
ဘယ်ကျွမ်းကျင်မှု အသစ်တွေကို သင်ယူခဲ့သလဲ?။
ထို့အပြင် သင့်ရဲ့ အားလပ်ချိန်မှာ လုပ်တဲ့ ၀ါသနာတွေကိုလည်း စဉ်းစားကြည့်ပါ။ ဒါတွေကလည်း အလုပ်လျှောက်ခြင်းနဲ့ ဆီလျော်ပြီး အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ ကျွမ်းကျင်မှုစာရင်းထဲမှာ အသက်မွေးမှုပညာ၊ အလုပ်အကိုင်တွေနဲ့ပဲ ဆက်စပ်နေတဲ့ ကျွမ်းကျင်မှု များသာမက မိမိရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုများကိုပါ ထည့်ရေးဖို့ မမေ့ပါနဲ့။
ဥပမာ-
ရေးလို့ပြီးပြီဆိုတော့မှ စာရင်းကို ပြန်စစ်ကြည့်ပါ။ ကိုယ်ရေးထားတဲ့ ကျွမ်းကျင်မှုတွေဟာ သီးခြား ကျွမ်းကျင်မှုတစ်ခုစီလား (သို့)သီးခြားခွဲထုတ်ပစ်သင့်တဲ့ ကျွမ်းကျင်မှုအစုလားဆိုတာကို ဆန်းစစ်ကြည့်ပါ မယ်။ ဥပမာ- အောက်တွင် ဖော်ပြထားသော သီးခြားကျွမ်းကျင်မှု (၃)ခုအဖြစ် ရေးခဲ့ရမှာကို communicating (ဆက်သွယ်ရေးကောင်းခြင်း)လို့ပဲရေးခဲ့တာမျိုးပဲပေါ့၊။
ဒီနယ်ပယ်ကိုတော့ လူများကအခက်ခဲဆုံးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်အကြောင်းနဲ့၊ ကိုယ်ရဲ့အရည်အချင်းတွေအကြောင်းကို မပြောချင်ကြလို့ပါပဲ။။ အကြောင်းကတော့ မိမိကို ဘ၀င်မြင့်သူ၊ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်သူအဖြစ် အထင်ခံရမှာ စိုးလို့ပါပဲ။ ဒါ့အပြင် ခြေတစ်လှမ်း နောက်ဆုတ်ပြီး ကိုယ့်ကိုယ်ကို ဓမ္မဓိဌာန်ကျကျ ကြည့်ရမှာ ခက်ခဲနေလို့လည်း ဖြစ်နိုင်ပါတယ်။ တဖက်ကကြည့်တော့လည်း အလားအလာရှိသော အလုပ်ရှင် တစ်ဦးကို ကိုယ့်ရဲ့အရည်အချင်းတွေ အကြောင်း ကိုယ်မှမပြောရင် ဘယ်သူကပြောမှာလဲ?
ကိုယ်ပိုင်အရည်အချင်းတွေရဲ့စာရင်းကို အစပျိုး ရာတွင် အခက်အခဲတွေ့ရတတ်ပါတယ်။ ဒါကြောင့် သင့်အတွက် အကူအညီရစေရန် ကိုယ်ပိုင်အရည်အချင်းတချို့ရဲ့စာရင်းကို ဖော်ပြလိုက်ပါတယ်။ ၄င်းမှ သင်နဲ့ ကိုက်ညီမယ့် အရည်အချင်းတွေကို ရွေးပြီး ရေးချပါ။ စာရင်းထဲ၌မပါသော တခြား အရည်အချင်း တွေကိုလည်း ဖြည့်စွက်ပါ။ သင်ရွေးလိုက်တဲ့အရည် အချင်းတစ်ခုစီကို ထောက်ခံပေးမဲ့ သင့်ဘ၀ထဲက အဖြစ်အပျက်တွေနဲ့ အလုပ်အတွေ့အကြုံတွေကိုလည်း ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားပါ။
မှတ်စုများမှ CV အသွင်သို့ပြောင်းခြင်း (Turning your notes into a CV)
ဒီအချိန်မှာဆိုရင် သင့်လက်ထဲမှာ အချက်အလက်ပြည့်စုံတဲ့ မှတ်စုအကြမ်းတစ်စုံရှိနေလောက်ပါပြီ။ ဘယ်လောက်ပဲကြမ်းကြမ်းပါ။ အသေးစိတ်ဖို့ပဲ လိုပါတယ်။ နောက်တဆင့်ကသင့်CV ကိုဘယ်လိုစီစဉ်ချင်ပါသလဲ?
ဒီအမျိုးအစားမှာဆိုရင် သင် သင်ယူခဲ့ရတဲ့ ပညာအရည်အချင်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံ တွေကို နှစ်အလိုက်ဖော်ပြထားပါတယ်။ အဲဒီအခါမှာ- စောစောပိုင်းနှစ်တွေကစပြီး ယခုလက်ရှိနှစ်အထိ (သို့) ပြောင်းပြန်ဖြစ်တဲ့ ယခုလက်ရှိနှစ်တွေကစပြီး စောစောပိုင်းနှစ်တွေဆီပြန်သွားတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အလုပ်ရှင်တစ်ဦးအနေနဲ့ကတော့ လျှောက်လွှာရှင်ရဲ့ လက်တလော အတွေ့အကြုံတွေ ကိုသာ စိတ်ဝင်စားတတ်တာကြောင့်- ဒုတိယနည်းဖြစ်တဲ့ နှစ်တွေကိုနောက်ပြန်ပြန်စီတဲ့ နည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒီလိုမျိုးနှစ်ကာလအပိုင်းအခြားလိုက် စီစဉ်ထားတဲ့ CV တွေရဲ့အားသားချက်ကတော့ သင်အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ၎င်းတို့တွင် လုပ်ခဲ့တဲ့ကာလအပိုင်းအခြားတွေကို ထင်သာမြင်သာအောင် ဖော်ပြပေးတဲ့အပြင် သင့်ရဲ့အလုပ် အဆက်မပြတ်မှု (continuity of employment) ကိုပါ ပေါ်လွင်စေပါတယ်။
၎င်းရဲ့ အားနည်းချက်ကတော့ သင့်ရဲ့အလုပ်သက်တမ်းတလျှောက်မှာ အကောင်းအဆိုးတွေရှိနေပါက (အထူးသဖြင့်အလုပ်လက်မဲ့ကာလများ)ထိုအရာတွေကိုထင်ထင်ရှားရှားဖော်ပြနေမှာဖြစ်ပါတယ်။တည်ငြိမ်ယုံကြည် စိတ်ချ ရတဲ့ဝန်ထမ်းကို ရှာဖွေနေတဲ့အလုပ်ရှင်ဆိုရင်တော့ ဒီCV မျိုးကိုနှစ်သက်မှာ သေချာပါတယ်။
လက်တွေ့ကျကျအသုံးဝင်သော CV (Functional CV)
လက်တွေ့ကျပြီး အသုံးဝင်အောင်စီစဉ်ရေးသားထားတဲ့ CV မှာတော့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကို စုစည်းတင်ပြထားပါတယ်။ ဥပမာအားဖြင့် သင်ဟာ-ကားပစ္စည်း အရောင်း အ၀ယ်ကိုယ်စားလှယ်တစ် ယောက်ဖြစ်ပြီး ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ဖူးတယ် ဆိုပါစို့။ ထိုလုပ်ငန်းနဲ့ ပတ်သက်ပြီး အောက်ပါတို့ကို ခေါင်းစဉ် အနေနဲ့ အသုံးပြုနိုင်ပါတယ်။
Read more: ထိရောက်သော CV (The Successful CV) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A961734&xgs=1&xg_source=msg_share_topic#ixzz2gMvpwvOf

- အတွေ့အကြုံ (Experience)
- ၀ါသနာများ (Interests)
- ကျွမ်းကျင်မှုများ (Skills)
- ကိုယ်ပိုင်အရည်အချင်းများ(Personal Qualities)
ဒီလိုလုပ်နိုင်ဖို့ နည်းအမျိုးမျိုးရှိပါတယ်။ ရရှိလာမဲ့ ရလာဒ်ကတော့ တစ်ခုတည်းသော ဖြစ်နိုင်ချေပါ။ ဘယ်ချဉ်းကပ်နည်းကိုပဲသုံးသုံး သင့်ရဲ့စိတ်ကူးတွေကို မှတ်စုအဖြစ်ပြောင်းရေးတဲ့အခါမှာ အသေးစိတ်ဖို့ မမေ့ပါနှင့်။ သင့်အနေနဲ့ အလုပ်နဲ့မဆီလျော်ဘူးလို့ ထင်ထားတဲ့ အချက်တွေကိုတောင်မှ ထည့်ရေးဖြစ်အောင်ရေးပါ။
ဒါ့အပြင် သင့်ရဲ့ စာရင်းတွေ၊ မှတ်စုတွေကို ကိုယ့်အနီးအနားမှာ မြင်သာအောင် ဖွင့်ထားပါ။ ၄င်းတို့ကို မကြာခဏ ပြန်ပြန်ကြည့်ရင်းနဲ့ ဘယ်အချက်မှ မေ့မကျန်ခဲ့ဘူးဆို တာကို သေချာအောင်လုပ်ပါ။ ဒီလိုပြင်ဆင်မှုအဆင့်က ဦးနှောက်ကို သေသေချာချာ စဉ်းစားအောင် လုပ်ခိုင်းခြင်းပဲ ဖြစ်ပါတယ်။ ရွေးချယ်ခြင်းနဲ့ စီစဉ်ခြင်းတို့က နောက်ကလိုက်လာမှာဖြစ်ပါတယ်။
အတွေ့အကြုံများ(experience)
လျှောက်လွှာရှင်အများစုက သူတို့ရဲ့ CV တွေကို အတွေ့အကြုံနဲ့ စရတာလွယ်တယ်လို့ ယူဆထား ကြပါတယ်။ ဘာ့ကြောင်လဲဆိုတော့ လက်ဆုပ်လက်ကိုင်ပြနိုင်လို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ဘ၀ကို အဆင့်ဆင့် ပိုင်းခြားပြီး စဉ်းစားကြည့်လိုက်ပါ။ ဒီအဆင့်တွေဟာ ဘာတွေလဲဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါ တယ်။ အဆင့်တွေရဲ့ ပိုင်းခြားမှုတွေကို အလုပ်ပြောင်းလဲခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်း၊ သင့်ဘ၀ရဲ့ အဓိကကျတဲ့ အဖြစ်အပျက်များ (ဥပမာ-အိမ်ထောင်ပြုခြင်း၊ သားသမီးရရှိခြင်း၊ အိမ်ဝယ်ခြင်း)နဲ့ ခွဲခြားနိုင်ပါတယ်။ သင့်ရဲ့ အတွေ့အကြုံမှတ်စုတွေမှာပါဝင်သင့်တဲ့အကြောင်းအရာတွေကတော-့
- ပညာရေး (education)
- ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ (professional training)
- အလုပ်လုပ်ခဲ့တဲ့ ကာလများ (periods of employment) (ဒီထဲမှာ အချိန်ပိုင်းအလုပ်တွေ၊ ကြာကြာမခံခဲ့တဲ့အလုပ်တွေ၊ မည်မည်ရရအလုပ်တွေ အားလုံးပါဝင်ပါတယ်။)
- လုပ်ဆောင်ချက်တစ်မျိုးတည်းအပေါ် အာရုံစိုက်ခဲ့ရတဲ့ သင့်ဘ၀မှာ အကျုံးဝင်ခဲ့တဲ့ တခြားအချိန် ကာလများ (other extended periods in which your life focused on a particular activity)
- လုပ်ခဲ့ဖူးသော လုပ်အားပေးအလုပ်များ (any volunteer work you have done) တို့ပဲဖြစ်ပါတယ်။
အလုပ်လျှောက်လွှာပြင်ဆင်တဲ့အခါမှာ ဘာ့ကြောင့် ကိုယ်ပိုင်ဝါသနာတွေကို ထည့်စဉ်းစားရပါ လိမ့်-ဆိုတဲ့ မေးခွန်းကို သင့်အနေနဲ့ မေးကောင်းမေးနိုင်ပါတယ်။ တကယ်တော့ ၀ါသနာဆိုတာ သင်အလုပ် အားတဲ့အချိန်တွေမှာ လုပ်တဲ့အရာတွေပဲ မဟုတ်ပါလား? ၀ါသနာတွေကို အောက်ဖေါ်ပြပါအကြောင်းများကြောင့် အလုပ်လျှောက်လွှာ ပြင်ဆင်တဲ့အခါမှာ ထည့်သွင်းစဉ်းစားရခြင်းဖြစ်ပါတယ်။ ၀ါသနာတွေဟာ_
သင့်ရဲ့ ပင်ကိုယ်စရိုက်ကို ပုံဖော်ပြတဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါ့အပြင် သင့်ပင်ကိုယ် စရိုက်ဆိုတာကလည်း အလုပ်လျှောက်လွှာအတွက် အလွန်ဆီလျော်လှပါတယ်။
လတ်တလော လုပ်ငန်းခွင်မှာ အသုံးမပြုရတဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖော်ပြနေပါတယ်။
တစ်စုံတစ်ရာသောအလုပ်မျိုးကိုမှ သင်ဟာ ဘာ့ကြောင့် စိတ်ဝင်စားနေရတာလဲဆိုတဲ့အချက်ကို လည်း ဆက်စပ်ပြနေပါတယ်။
အရင်က သင် မစဉ်းစားခဲ့ဖူးသော အလုပ်တွေကိုလည်း ညွှန်ပြနေတတ်ပါတယ်။
ကျွမ်းကျင်မှုများ (Skills)
သင့်ရဲ့ကျွမ်းကျင်မှုတွေကို စီတန်းရေးချတဲ့အခါမှာ အရင်အတွေ့အကြုံတွေကို စဉ်းစားပြီး ထုတ် ထားတဲ့ မှတ်စုလေးတွေက အထောက်အကူပေးမှာဖြစ်ပါတယ်။ သင့်ဘ၀ရဲ့ အစိတ်အပိုင်းများကို စဉ်းစားရင်း ကိုယ့်ကိုယ်ကို အောက်ပါ မေးခွန်းများကို မေးကြည့်ပါ။
ငါ့မှာ ရှိပြီးသား ကျွမ်းကျင်မှုတွေထဲက ဘယ်တစ်ခုကို ဒီနေရာမှာ အသုံးပြုခဲ့တာလဲ?။
ဘယ်ကျွမ်းကျင်မှုတွေကို တိုးတက်အောင် (သို့) ခိုင်မာအောင် ပြုလုပ်ခဲ့သလဲ?။
ဘယ်ကျွမ်းကျင်မှု အသစ်တွေကို သင်ယူခဲ့သလဲ?။
ထို့အပြင် သင့်ရဲ့ အားလပ်ချိန်မှာ လုပ်တဲ့ ၀ါသနာတွေကိုလည်း စဉ်းစားကြည့်ပါ။ ဒါတွေကလည်း အလုပ်လျှောက်ခြင်းနဲ့ ဆီလျော်ပြီး အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ ကျွမ်းကျင်မှုစာရင်းထဲမှာ အသက်မွေးမှုပညာ၊ အလုပ်အကိုင်တွေနဲ့ပဲ ဆက်စပ်နေတဲ့ ကျွမ်းကျင်မှု များသာမက မိမိရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုများကိုပါ ထည့်ရေးဖို့ မမေ့ပါနဲ့။
ဥပမာ-
- ပွဲများစီစဉ်ခြင်း (organizing events)
- ၀န်ထမ်းများကို လေ့ကျင့်ပေးခြင်း (training staff)
- လူတွေ့စစ်ဆေးခြင်း (interviewing)
- အကြံဥာဏ်များပေးခြင်း (giving advice)
- အစည်းအဝေးများ၌ သဘာပတိအဖြစ် ဆောင်ရွက်ခြင်း (chairing meetings)
- တင်ဆက်မှုများပြုလုပ်နိုင်ခြင်း (making presentations)
- ကြီးကြပ်ခြင်း (supervising)
- ပြဿနာများဖြေရှင်းပေးခြင်း (trouble - shooting)
- လူစုလူဝေးနှင့် တွေ့ဆုံခြင်း (meeting the public)
ရေးလို့ပြီးပြီဆိုတော့မှ စာရင်းကို ပြန်စစ်ကြည့်ပါ။ ကိုယ်ရေးထားတဲ့ ကျွမ်းကျင်မှုတွေဟာ သီးခြား ကျွမ်းကျင်မှုတစ်ခုစီလား (သို့)သီးခြားခွဲထုတ်ပစ်သင့်တဲ့ ကျွမ်းကျင်မှုအစုလားဆိုတာကို ဆန်းစစ်ကြည့်ပါ မယ်။ ဥပမာ- အောက်တွင် ဖော်ပြထားသော သီးခြားကျွမ်းကျင်မှု (၃)ခုအဖြစ် ရေးခဲ့ရမှာကို communicating (ဆက်သွယ်ရေးကောင်းခြင်း)လို့ပဲရေးခဲ့တာမျိုးပဲပေါ့၊။
- နည်းပညာဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းလွယ်ကူအောင်ပြုလုပ်ခြင်း (simplifying technical subject matters)
- ရှင်းလင်းလွယ်ကူသော နည်းပညာဆိုင်ရာလက်ဆွဲစာဆောင်များရေးသားခြင်း (writing simple technical manuals)
- ကျွမ်းကျင်မှု မရှိသေးသော ၀န်ထမ်းများကို လေ့ကျင့်ပေးခြင်း(training non–specialist workers)
ဒီနယ်ပယ်ကိုတော့ လူများကအခက်ခဲဆုံးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်အကြောင်းနဲ့၊ ကိုယ်ရဲ့အရည်အချင်းတွေအကြောင်းကို မပြောချင်ကြလို့ပါပဲ။။ အကြောင်းကတော့ မိမိကို ဘ၀င်မြင့်သူ၊ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်သူအဖြစ် အထင်ခံရမှာ စိုးလို့ပါပဲ။ ဒါ့အပြင် ခြေတစ်လှမ်း နောက်ဆုတ်ပြီး ကိုယ့်ကိုယ်ကို ဓမ္မဓိဌာန်ကျကျ ကြည့်ရမှာ ခက်ခဲနေလို့လည်း ဖြစ်နိုင်ပါတယ်။ တဖက်ကကြည့်တော့လည်း အလားအလာရှိသော အလုပ်ရှင် တစ်ဦးကို ကိုယ့်ရဲ့အရည်အချင်းတွေ အကြောင်း ကိုယ်မှမပြောရင် ဘယ်သူကပြောမှာလဲ?
ကိုယ်ပိုင်အရည်အချင်းတွေရဲ့စာရင်းကို အစပျိုး ရာတွင် အခက်အခဲတွေ့ရတတ်ပါတယ်။ ဒါကြောင့် သင့်အတွက် အကူအညီရစေရန် ကိုယ်ပိုင်အရည်အချင်းတချို့ရဲ့စာရင်းကို ဖော်ပြလိုက်ပါတယ်။ ၄င်းမှ သင်နဲ့ ကိုက်ညီမယ့် အရည်အချင်းတွေကို ရွေးပြီး ရေးချပါ။ စာရင်းထဲ၌မပါသော တခြား အရည်အချင်း တွေကိုလည်း ဖြည့်စွက်ပါ။ သင်ရွေးလိုက်တဲ့အရည် အချင်းတစ်ခုစီကို ထောက်ခံပေးမဲ့ သင့်ဘ၀ထဲက အဖြစ်အပျက်တွေနဲ့ အလုပ်အတွေ့အကြုံတွေကိုလည်း ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားပါ။
- မှန်ကန်တိကျသော (accurate)
- အလိုက်သင့် ပြုမူနေထိုင်တတ်သော (adaptable)
- လာဘ်မြင်တတ်သော (astute)
- ဖိအား/တွန်းအားအောက်၌ အလုပ်လုပ်နိုင်သော (can work under pressure)
- ဂရုတစိုက် လုပ်တတ်သော (careful)
- ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သော (competent)
- မိမိရဲ့အချိန်နဲ့ အားတွေပုံပေးပြီးအလုပ်ကို လိုလိုလားလားလုပ်တတ်သော (committed)
- ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သော (cooperative)
- ယဉ်ကျေးသော (courteous)
- တိကျပြတ်သားသော (decisive)
- စိတ်ရောကိုယ်ပါ အလုပ်ထဲ၌ နှစ်မြုပ်ထားသော (dedicated)
- ဘွင်းဘွင်းပျော်ပျော်သမား (extrovert)
- အခြေအနေကိုလိုက်၍ ပြောင်းလွယ်ပြင်လွယ်သော (flexible)
- ဖော်ရွေသော (friendly)
- တခြားသူများနှင့် အဆင်ပြေပြေနေတတ်သော (get on well with other people)
- အဟောအပြောကောင်းသူ (good communitor)
- ဟာသဥာဏ်ရှိသော (good sense of humor)
- အချိန်တိကျသူ (good timekeeper)
- အလုပ်ကြိုးစားသော (hardworking)
- စိတ်ကူးဥာဏ်ရှိသော (imaginative)
- ကိုယ့်အားကိုယ်ကိုးသော (independent)
- မြူးမြူးကြွကြွရှိသော (lively)
- ဆင်ခြင်တုံတရားရှိသော (logical)
- သစ္စာရှိသော (loyal)
- နည်းစနစ်ကျသော (methodical)
- စေ့စပ်တိကျသော (meticulous)
- သေသပ်သော (orderly)
- စနစ်ဇယားရှိသော (organized)
- အကောင်းဘက်မြင်သော (positive)
- လက်တွေ့ကျသော (practical)
- သဘောပေါက်လက္ခံလွယ်သော (receptive)
- စိတ်သက်သောင့်သက်သာ နေတတ်သော (relaxed)
- ယုံကြည်စိတ်ချရသော (reliable)
- ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသော (self-confident)
- စိတ်အားထက်သန်သော (self-motivated)
- သိတတ်သော (sensitive)
- စေ့စပ်သေချာသော (thorough)
- ထောက်ထားစာနာသော (thoughtful)
- သတိဝီရိယရှိသော (vigilant)
- အခြားသူများနှင့် အလုပ်ကောင်းကောင်းလုပ်နိုင်သော (works well with others)
မှတ်စုများမှ CV အသွင်သို့ပြောင်းခြင်း (Turning your notes into a CV)
ဒီအချိန်မှာဆိုရင် သင့်လက်ထဲမှာ အချက်အလက်ပြည့်စုံတဲ့ မှတ်စုအကြမ်းတစ်စုံရှိနေလောက်ပါပြီ။ ဘယ်လောက်ပဲကြမ်းကြမ်းပါ။ အသေးစိတ်ဖို့ပဲ လိုပါတယ်။ နောက်တဆင့်ကသင့်CV ကိုဘယ်လိုစီစဉ်ချင်ပါသလဲ?
- နှစ်ကာလအပိုင်းအခြားအလိုက် (chronologically) လား?
- လက်တွေ့ကျကျ အသုံးဝင် (functionally) အောင်လား?
ဒီအမျိုးအစားမှာဆိုရင် သင် သင်ယူခဲ့ရတဲ့ ပညာအရည်အချင်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံ တွေကို နှစ်အလိုက်ဖော်ပြထားပါတယ်။ အဲဒီအခါမှာ- စောစောပိုင်းနှစ်တွေကစပြီး ယခုလက်ရှိနှစ်အထိ (သို့) ပြောင်းပြန်ဖြစ်တဲ့ ယခုလက်ရှိနှစ်တွေကစပြီး စောစောပိုင်းနှစ်တွေဆီပြန်သွားတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အလုပ်ရှင်တစ်ဦးအနေနဲ့ကတော့ လျှောက်လွှာရှင်ရဲ့ လက်တလော အတွေ့အကြုံတွေ ကိုသာ စိတ်ဝင်စားတတ်တာကြောင့်- ဒုတိယနည်းဖြစ်တဲ့ နှစ်တွေကိုနောက်ပြန်ပြန်စီတဲ့ နည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒီလိုမျိုးနှစ်ကာလအပိုင်းအခြားလိုက် စီစဉ်ထားတဲ့ CV တွေရဲ့အားသားချက်ကတော့ သင်အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ၎င်းတို့တွင် လုပ်ခဲ့တဲ့ကာလအပိုင်းအခြားတွေကို ထင်သာမြင်သာအောင် ဖော်ပြပေးတဲ့အပြင် သင့်ရဲ့အလုပ် အဆက်မပြတ်မှု (continuity of employment) ကိုပါ ပေါ်လွင်စေပါတယ်။
၎င်းရဲ့ အားနည်းချက်ကတော့ သင့်ရဲ့အလုပ်သက်တမ်းတလျှောက်မှာ အကောင်းအဆိုးတွေရှိနေပါက (အထူးသဖြင့်အလုပ်လက်မဲ့ကာလများ)ထိုအရာတွေကိုထင်ထင်ရှားရှားဖော်ပြနေမှာဖြစ်ပါတယ်။တည်ငြိမ်ယုံကြည် စိတ်ချ ရတဲ့ဝန်ထမ်းကို ရှာဖွေနေတဲ့အလုပ်ရှင်ဆိုရင်တော့ ဒီCV မျိုးကိုနှစ်သက်မှာ သေချာပါတယ်။
လက်တွေ့ကျကျအသုံးဝင်သော CV (Functional CV)
လက်တွေ့ကျပြီး အသုံးဝင်အောင်စီစဉ်ရေးသားထားတဲ့ CV မှာတော့ ကျွမ်းကျင်မှုတွေ၊ အရည်အချင်းတွေကို စုစည်းတင်ပြထားပါတယ်။ ဥပမာအားဖြင့် သင်ဟာ-ကားပစ္စည်း အရောင်း အ၀ယ်ကိုယ်စားလှယ်တစ် ယောက်ဖြစ်ပြီး ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ဖူးတယ် ဆိုပါစို့။ ထိုလုပ်ငန်းနဲ့ ပတ်သက်ပြီး အောက်ပါတို့ကို ခေါင်းစဉ် အနေနဲ့ အသုံးပြုနိုင်ပါတယ်။
- ထုတ်ကုန်အမျိုးမျိုးနဲ့ မိတ်ဆက်ပေးခြင်း (presenting the product range)
- ၀ယ်ယူသူအပေါ် ၀န်ဆောင်မှုပေးခြင်း (customer care)
- သတင်းအချက်အလက်နည်းပညာ (information technology)
Read more: ထိရောက်သော CV (The Successful CV) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A961734&xgs=1&xg_source=msg_share_topic#ixzz2gMvpwvOf
Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ်
Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ
ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊
အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့ facebook
ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)
အခုနည်းလုပ်ဖို့အတွက်
(ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့
မပြောတော့ဘူးနော်)
[Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ မှာလေ့လာနိုင်ပါတယ်]
1.
အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn 2.OpenVPNConnect (or) 2.OpenVPNConnect ) ဒေါင်းပြီး
ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn
ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...

4.အောက်ကပုံလေးအတိုင်း
connect ကိုနှိပ်လိုက်ပါ

6.ဒီဆင့်မှာ
တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး
connect ကိုထပ်နှိပ်ပါ။
![]() |
7.ဒါဆိုရင်
အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ

8.အောက်ကပုံမှာလို
ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။
9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser
ကနေ facebook ကိုဝင်ပြီး Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်

မှတ်ချက်။ facebook နာမည်တွေ ဖြည့်တဲ့အခါ English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon
Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့
သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း
Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ
Credit & Ref : http://readtohelp.blogspot.com/
Wise PC 1stAid 1.21.44 Full Version ( 3 MB )
ဂွတ်ပါတယ်..ကျွန်တော်ကတော့ အလွန်ကြိုက်တယ်..ကျွန်တော်အဓိက ကြိုက်သွားတာက Windows XP အတွေမှာအဖြစ်အများဆုံး ဖြစ်တဲ့ Icon တွေရဲ့နောက်မှာ အရောင်တွေ select ဖြစ်နေတဲ့ပြသနာကို ဖြေရှင်း
ပေးနိုင်တဲ့ Tools လေးပါဝင်လာတာပါဘဲ..ကဲ..စမ်းကြည့်ကြ ဆောင်ထားကြပါ.. စက်အတက်နှေးတဲ့ပြသနာနဲ့အခြားသော ပြသနာတွေအတွက် အလွယ်တစ်ကူဖြေရှင်းနိုင်ကြမှာပါခင်မျာ
Windows 8 အတွက်ပါ Support ပေးထားပါတယ်။
PC 1stAid can fix problems like: Windows desktop icons error, cannot open hyperlink in outlook or other software, cannot open IE links, cannot open task manager, cannot open registry editor, lame internet surfing, program running not smoothly, too much memory occupied, slow startup, etc. They are only a part of it! The Problem Suites library of Wise PC 1stAid will keep being updated & enriched in a timely manner. More and more problems that users have encountered will be fixed here automatically.
Ref:
Myanmar IT Helper
Subscribe to:
Posts (Atom)